အမြဲတမ်း
အမြဲတမ်းအားလုံး ခွင့်ပြုထားတယ်...
ပြန်မလာရင်လဲ …. ငါ့ဘ၀ ငါ့ရဲ့  အကြောင်းဘဲ...
ဘယ်ခါမှ ရက်ရက်စက်စက် အသဲခွဲရသလဲ...
ငါမမေးဘူးနော်…..
အမြဲတမ်း မင်းက အရေးကြီးဆုံးဘဲ..
ငါဆိုတာ… ထည့်မတွက်တော့ တဲ့  တစ်နေ့ ကျတော့ လဲ…
အနယ်ထိုင်ကာ… ဝေးရင်း တစ်ဖြေးဖြေး သွေးအေးသွားမယ်…
မင်းသဘောနော်….
A letter for me from My brother
ညီမလေး လောကကြီးမှာ လူတိုင်းစိတ်ညစ်ခဲ့ရဖူးတယ်။ လူတိုင်း နာကျင်ပြင်းပြစွာ ခံစားခဲ့ကြဖူးတယ်။ လူတိုင်း ဝမ်းနည်းခဲ့ကြဖူးတယ်။ လူတိုင်း ငါဟာ ကံအဆိုးဆုံးလူလို့ ခံစားခဲ့ကြဖူးတယ်။ လူတိုင်း ငါဘယ်တော့မှ ဒီစိတ်ဆင်းရဲမှုက လွတ်နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြဖူးတယ်။ လူတိုင်း လူတိုင်း ဒါတွေကို ကြုံခဲ့ကြရတာပဲ။ အချစ်ဆိုတာ လူတွေကို ပျော်ရွှင်စေတယ်၊ ဝမ်းနည်းစေတယ်၊ စိတ်အားတက်ကြွစေတယ်၊ စိတ်ဓာတ်ပျက်ပြားစေတယ်၊ ကိုယ့်ကိုကိုယ် အထင်ကြီးလာစေတယ်၊ ကိုယ့်ကိုကိုယ် ကျဆုံးစေတယ်။ တခြား အရာများစွာထက်ကိုပဲ သူက လူတစ်ယောက်ကို အများကြီး ပြောင်းလဲ ပစ်နိုင်တယ်။ သူဟာ လူတိုင်းရဲ့ မျက်ရည်ကို ခြွေယူတတ်တယ်။ သူဟာ လူတိုင်းရဲ့ နှလုံးသားကို ပျော့ပြောင်းစေနိုင်တယ်။ သူဟာ လူတိုင်းရဲ့ နှလုံးသားကို ခက်ထန်မာကျော စေနိုင်တယ်။ သူဟာ မူးယစ်ဆေးဝါးလိုပဲ သူ့ကို ဖက်တွယ်ထားသူကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အစွမ်းရှိတယ်။ လောကကြီးမှာ မဖြစ်နိုင်တာတွေဟာ ဖြစ်လာတတ်သလို ဖြစ်နိုင်ခဲ့တာတွေဟာလည်း ပျက်ပြားသွားတတ်တယ်။ ဖြစ်သင့်တာတွေ ဖြစ်မလာတတ်သလို မဖြစ်သင့်တာတွေလည်း ဖြစ်လာတတ်တယ်။ ဒါဟာ ဘဝပါပဲ။ ဒါဟာ လူတိုင်း ကြုံတွေ့ရတဲ့ လောက ဓမ္မပါပဲ။ မျက်စိကို ရှေ့တည့်တည့်ပဲ ကြည့်နေတဲ့အခါ ပတ်ဝန်းကျင်က အရာတွေအားလုံးကို မေ့လျော့နေတတ်သတဲ့။ ဒီလမ်း တစ်ခုပဲ ရှိနေတယ်လို့ ထင်တတ်သတဲ့။ ညီမလေးရဲ့ မျက်လုံးတွေကို ဖွင့်လိုက်။ ငိုကြွေးခြင်းဟာ လူကို ပင်ပန်းစေတယ်။ လူကို ခွန်အားယုတ်လျော့စေတယ်။ လူကို စိတ်ဓာတ်ပျက်ပြားစေတယ်။ လူကို အားငယ်စေတယ်။ ငိုနေတဲ့ မျက်ဝန်းတွေဟာ မြင်ကွင်းတွေကို ကွဲကွဲပြားပြား မမြင်နိုင်စေဘူး။ ညီမလေး အကြည့်တွေဟာ မှုန်ဝါးနေနိုင်တယ်၊ မှားယွင်းနေနိုင်တယ်။ အချစ်ဆိုတာ အဓိပ္ပာယ်တွေ ဖွင့်ဆိုနေတာထက် လေးနက်တယ်။ ဒါမှမဟုတ် အဓိပ္ပာယ်တွေ ဖွင့်ဆိုစရာ မလိုအောင်ကို ရိုးရှင်းတယ်။ ချစ်ခြင်းတရားဟာလည်း မျက်ရည်တွေနဲ့ ဖုံးလွှမ်းလာတဲ့အခါ အရာရာဟာ မှုန်ဝါးရီဝေလို့ လာလိမ့်မယ်။ အမြင်မကြည်တဲ့ လူတစ်ယောက်ရဲ့ သွားရာလမ်းဟာ ဖြောင့်တန်းလို့ မနေဘူး။ ဒီထက်ပိုဆိုးတာက အခြားသူတွေကိုလည်း ဝင်တိုက်နိုင်သေးတယ်။ အဲဒီအခါ ကိုယ့်ဘာသာ အမြင်မကြည်တာပေမယ့် ပတ်ဝန်းကျင်ရဲ့ အပြစ်ဆိုမှုတွေကို ခံရတတ်တယ်။ လူတစ်ယောက် ဖြစ်တည်လာတာဟာ ဘာအတွက်လဲ။ နောင်ဘဝအတွက်လား။ အခုဘဝအတွက်လား။ အချစ်အတွက်လား။ ပညာရေး အတွက်လား။ ကိုယ်ကျိုးဆန္ဒတွေ အတွက်လား။ ပိုက်ဆံအတွက်လား။ ဒီလိုသာ တစ်ခုခုကို ဖက်တွယ် ရည်ရွယ် ထားမယ်ဆိုရင် ညီမလေးရဲ့ ဘဝဟာ ဘယ်တော့မှ မပြည့်စုံဘူး။ တစ်ခု ရလိုက်တိုင်းလည်း စိတ်ကျေနပ်သွားမှာ မဟုတ်ဘူး။ ဘဝဆိုတာ အခက်အခဲတွေ အများကြီးရှိတယ်။ အကွေ့အကောက်တွေ အများကြီးရှိတယ်။ အတက်အဆင်းတွေ အများကြီးရှိတယ်။ တောင်အောက် ရောက်နေပေမယ့် အထက်ကို မျှော်ကြည့်ရမယ်။ မျှော်ကြည့်နေရုံနဲ့ မရသေးဘူး တက်ကြည့်ရမယ်။ ဒီလိုမှ တက်မကြည့်ဘူးဆိုရင် ညီမလေးဟာ တောင်အောက်က အလှလောက်ကိုသာ မြင်မှာပဲ။ ကွဲပြားခြားနားတဲ့ တောင်ပေါ်အလှတွေကို မြင်တော့မှာ မဟုတ်ဘူး။ လူအမျိုးမျိုးရှိတယ်။ ပထမတစ်မျိုးက တစ်ခုခုကို ရအောင် ကြိုးစားပေမယ့် လွယ်လွယ်ကူကူ မရနိုင်ဘူး။ ဒါပေမယ့် ဒီလူဟာ အဲဒါကို မရရအောင်ဆိုပြီး တစ်သက်လုံး ကြိုးစားတယ်။ ဒီလိုလူမျိုးကို ဇွဲရှိသူလို့ ခေါ်ကြတယ်။ ဒုတိယ တစ်မျိုးက တစ်ခုခုကို ရအောင် ကြိုးစားတယ်။ ဒါကို သူမရရင် တစ်ခြား တစ်ခုကို ကြိုးစားတယ်။ ဒါမျိုးကိုတော့ ကြိုးစားသူလို့ ခေါ်တယ်။ တတိယ တစ်မျိုးက တစ်ခုခုကို ရအောင် ကြိုးစားတယ်။ မရဘူး ဆိုတာနဲ့ စိတ်ဓာတ်ကျပြီး မကြိုးစားတော့ဘူး။ ညံ့ဖျင်းသူလို့ ခေါ်တယ်။ စတုတ္ထ တစ်မျိုးက တစ်ခုခုကို ရအောင်လည်း မကြိုးစားဘူး ရလည်း မရဘူး။ ဒီလိုလူမျိုးကို လူပျင်းလို့ ခေါ်တယ်။ ပဉ္စမ တစ်မျိုးက တစ်ခုခုကို ရအောင် မကြိုးစားဘူး၊ ဒါပေမယ့် အလိုလို ရတတ်တယ်။ ဒီလိုလူမျိုးကိုတော့ ကံကောင်းသူလို့ ခေါ်ကြတယ်။ ဆဋ္ဌမ တစ်မျိုးက တစ်ခုခုကို အလိုလိုရနေတယ်၊ ဒါပေမယ့် အဲဒါမျိုးကို တည်တံ့ခိုင်မာအောင် မထိန်းသိမ်းတတ်ဘူး။ အဲဒါမျိုးကို လူမိုက်လို့ခေါ်တယ်။ အဲဒီအမျိုးအစားတွေထဲမှာ ညီမလေးဟာ ဘယ်အမျိုးအစားထဲ ပါနေသလဲ။ ဘယ်အမျိုးအစား ဖြစ်ချင်သလဲ။ ဘယ်အမျိုးအစားကို ရှောင်ကြဉ်သင့်သလဲ။ သူများတွေကို လိုက်မမေးဘဲ ကိုယ့်ကိုကိုယ် အရင်ဆုံး ပွင့်ပွင့်လင်းလင်း မေးကြည့်ရမယ်။ ဝမ်းနည်းစရာ အဖြစ်အပျက်တွေဟာ သိပ်စိတ်ညစ်ဖို့ကောင်းတယ်။ စိတ်ညစ်နေတဲ့ လူတစ်ယောက်ဟာ ဘာကိုမှ မလုပ်နိုင်ဘူး။ သူဟာ အသက်သာရှင်နေတယ် ဘဝဟာ အဓိပ္ပာယ် မရှိဘူး။ ဒီတော့ ဒီစိတ်ညစ်စရာတွေကို ဖျောက်ပစ်ရမယ်။ မေ့ပစ်ရမယ်။ အနည်းဆုံးတော့ လျှော့ချပစ်ရမယ်။ ဒါတွေ ပိတ်ဖုံးနေရင် ညီမလေးရဲ့ စိတ်ကူးတွေဟာ ဘယ်လို ဆန်းသစ်မှုတွေ ဖန်တီးမှုတွေ ထွက်လာနိုင်ပါ့မလဲ။ ဒါဆိုရင် ညီမလေးဟာ သာမန် အခြေခံ လူတစ်ယောက်နဲ့ ဘာမှ မထူးခြားတော့ဘူး။ ဘဝထဲကို လူဖြစ်ရုံသက်သက်၊ စိတ်ဆင်းရဲဖို့ရာသက်သက် ရောက်လာသလို ဖြစ်နေလိမ့်မယ်။ တစ်ခါတုန်းက ခရီးတစ်ခုကိုသွားတုန်း လယ်ကွင်းတွေထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတဲ့ ညီမလေး အသက်လောက်တောင် မရှိသေးတဲ့ မိန်းခလေးတွေကို တွေ့ခဲ့ဖူးတယ်။ သူတို့မှာ ထမင်းတစ်လုပ်အတွက် နေပူထဲမှာ ဆင်းဆင်းရဲရဲ အလုပ်လုပ်ကြရတယ်။ သူတို့ကို မှီခိုနေရတဲ့ မိသားစုဝင်တွေလည်း ရှိရင်ရှိမယ်။ သူတို့ ပိုက်ဆံရှာမှ ထမင်းစားရမယ့် မိအို ဖအိုတွေ ရှိရင်လည်း ရှိမယ်။ သူတို့မှာရော ညီမလေးလို စိတ်မကောင်းစရာ အဖြစ်အပျက်တွေ၊ စိတ်ညစ်စရာ အဖြစ်အပျက်တွေ မရှိဘူးလို့ မထင်နဲ့။ သူတို့မှာလည်း ရှိမှာပဲ။ ဒါပေမယ့် သူတို့တွေသာ ဒီစိတ်ဆင်းရဲစရာတွေကို ညီမလေးလို ပြင်းပြင်ထန်ထန် ခံစားနေမယ်၊ ဘာမှမလုပ်နိုင်လောက်အောင် ဝမ်းနည်းနေမယ်ဆိုရင် သူတို့ ဘာနဲ့ ထမင်းစားကြမလဲ။ သူတို့ကို မှီခိုနေရသူတွေ ဘယ်လို အသက်ရှင်သန် ကြတော့မလဲ။ တစ်ခါတစ်လေမှာ ကိုကြီးတို့ဟာ သူတို့ဆီကနေ အတုယူရမယ်။ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ဖြစ်အောင် ကြိုးစားရမယ်။ ကိုကြီးမှာ အခက်အခဲကြုံတိုင်း စိတ်ညစ်စရာ ကြုံတိုင်းမှာ သြော် ငါ့ထက် အခြေအနေ ဆိုးတဲ့သူတွေ လောကကြီးမှာ အများကြီး ရှိသေးပါလားဆိုပြီး အဲဒီမြင်ကွင်းလေးကို ပြေးပြေးမြင်မိတယ်။ ကိုကြီးလည်း ညီမလေးလို စိတ်ညစ်စရာတွေ စိတ်ဆင်းရဲစရာတွေ ကြုံခဲ့ရဖူးတယ်။ ငါဟာ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ငါ့ဘဝဟာ အဓိပ္ပာယ်မဲ့တယ်။ ငါဘဝ ဖြစ်ချင်ရာ ဖြစ်ပါစေတော့။ ပျော်ရွှင်မှုဆိုတာ ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ဘူးဆိုတဲ့ စိတ်တွေ ဖြစ်ခဲ့ဖူးတယ်။ ခြေဦးတည့်ရာ လျှောက်သွားခဲ့ဖူးတယ်။ လုပ်ချင်ရာတွေ လျှောက်လုပ်ခဲ့ဖူးတယ်။ ကိုယ့်ကိုကိုယ် အပြစ်ဒဏ်တွေ ခတ်ဖူးတယ်။ ကိုယ့်ကိုကိုယ် ဒုက္ခတွေ ပေးဖူးတယ်။ နောက်ဆုံးတော့ ကိုကြီးဟာ သာမန်လူတစ်ယောက် ဖြစ်ဖြစ်လာတယ်။ ကိုကြီး ကြိုးစားလို့ ရလာခဲ့တဲ့ အရာတွေအားလုံးဟာ ပြန်လျောကျလာတယ်။ လူတွေက ကိုကြီးကို ဒီကောင် ဘာကောင်မှ မဟုတ်ဘူးဆိုတဲ့ အကြည့်တွေနဲ့ ကြည့်လာတယ်။ ဒါတွေကို ကိုကြီးက ဂရုမစိုက်မိဘဲ ကိုယ်ထင်ရာ ကိုယ်စိုင်း နေခဲ့မိတယ်။ ကိုယ့်ကိုကိုယ် အပြစ်တင်တာတွေ ကုန်လာတဲ့အခါ သူတစ်ပါးကို အပြစ်တင်တယ်။ ဒီလိုဖြစ်တာ ဒီလူတွေကြောင့် ဆိုပြီး ကိုယ်နဲ့ ပတ်သတ်ခဲ့ဖူးသူတွေကို အပြစ်မြင်လာတယ်။ ဘယ်သူ့ကိုမှ ကောင်းကောင်းမွန်မွန် မမြင်နိုင်တော့ဘူး။ ရန်လိုတဲ့ အကြည့်၊ မယုံကြည်တဲ့ အကြည့်တွေနဲ့ ကြည့်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကိုကြီးဟာ လူ့ပတ်ဝန်းကျင်နဲ့ ကင်းကွာလာတယ်။ သီးခြားဆန်လာတယ်။ ယုံကြည်မှု လျော့နည်းလာတယ်။ ထုံထိုင်းလာတယ်။ ညံ့ဖျင်းလာတယ်။ တာဝန်ယူချင်စိတ် ကင်းမဲ့လာတယ်။ အရာရာကို အဆိုးမြင်လာတယ်။ ဒီလိုဖြစ်နေလိုက်တာ တော်တော်ကြာသွားတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာဘဲ တစ်ရက်မှာ ကိုကြီး အမြင်မှန်ပြန်ရတယ်။ ကုန်သွားခဲ့ရတဲ့ အချိန်တွေကို ပြန်နှမြောလာတယ်။ ကိုယ့်ကိုကိုယ် နောင်တရလာတယ်။ ကိုယ့်အမှားတွေကို မြင်လာတယ်။ ကိုယ့်အားနည်းချက်တွေကို တွေ့လာတယ်။ အဲဒီအချိန်ကစပြီး ကိုကြီးဟာ အဲဒါတွေကို တစ်ခုချင်းစီ ချေဖျက်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ညီမလေး မှတ်မိလိမ့်မယ်။ ကိုကြီး အိန္ဒိယမှာ တစ်နေ့လုံး တစ်ညလုံး ကွန်ပျူတာသုံးတယ်။ ဓာတ်ပုံတွေရိုက်တယ်။ နည်းပညာတွေ လေ့လာတယ်။ စာအုပ်တွေဖတ်တယ်။ ရောဂါတစ်ခု ဖြစ်လာတဲ့အခါ ကုသဖို့ အချိန်ယူရသလိုပဲ ကိုကြီးလည်း ဒါတွေကို ကျော်ဖြတ်နိုင်ဖို့ အချိန်ယူ ကုစားခဲ့ရတယ်။ ကိုယ့်အားနည်းချက်၊ ကိုယ့်ချို့ယွင်းချက်တွေကို ကြိုးစားပြီး ပြင်ခဲ့တယ်။ ညီမလေးတို့ အမြင်မှာ ကိုကြီးဟာ စိတ်ဓာတ်ကျနေသူတစ်ယောက်၊ ဘာမှ မလုပ်ချင် မကိုင်ချင် ဖြစ်နေသူ တစ်ယောက်လို ဖြစ်နေလိမ့်မယ်။ ဟိုးအရင်က ဒါထက် ဆိုးခဲ့တာပေါ့။ အားလုံးကို တစ်ခါတည်း မပြုပြင်နိုင်တဲ့အခါ တစ်ခုချင်းကို ဖြေးဖြေဆီ ပြုပြင်ယူရတယ်။ ပိန်တဲ့သူ တစ်ယောက်ဟာ ဝဖို့ ခက်ခဲသလို၊ ဝတဲ့သူတစ်ယောက်ဟာ ပိန်ဖို့ ခက်ခဲသလို အရာအားလုံးဟာ ချက်ချင်း ပြောင်းလဲမသွားဘူး။ ဒါပေမယ့် အရှိန်ရလာတဲ့အခါ ပြောင်းလဲမှု အနေအထားက မြန်ဆန်လာတယ်။ ရည်ရွယ်ချက်တွေဟာ ပြန်ခိုင်မာလာတယ်။ အရာရာဟာ အဓိပ္ပာယ် ပြန်ရှိလာတယ်။ ကိုယ်အရင်က မမြင်နိုင်ခဲ့တဲ့ အရာတွေကို မြင်လာတယ်။ ဘယ်သူ့မှ ကိုယ့်ကို အားမပေးလည်း ကိုယ့်ကိုကိုယ် အားပေးတယ်။ စိတ်ဆင်းရဲစရာ ဖြစ်စေနိုင်တာတွေကို ကြိုးစား ပယ်ရှားတယ်။ မီးဖြစ်လာမယ့် မီးပွားလေးတွေကို ဂရုစိုက်တယ်။ ဒီလိုနဲ့ ကိုကြီးဟာ ကံကောင်းထောက်မစွာ လမ်းကြောင်းပေါ်ကို ပြန်ရောက်လာခဲ့တယ်။ တကယ်လို့များ အရင်ကအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဘဝဟာ ဆုံးရှုံးခြင်းတွေထဲမှာ၊ စိတ်ညစ်စရာတွေထဲမှာပဲ နစ်မြုပ်နေတော့မှာပေါ့။ ဘဝဟာ မိဘက မွေးခဲ့ရကျိုး မနပ်အောင် ဖြစ်နေတော့မှာပေါ့။ ကိုကြီး တတ်ထားတဲ့ ပညာတွေလည်း ဆုံးပါးကုန်တော့မှာပေါ့။ အခုတော့ ကိုကြီးရဲ့ မနက်ဖြန်တိုင်းဟာ စိတ်ကူးတွေနဲ့ ပြည့်နေတယ်။ မျှော်လင့်ချက်တွေနဲ့ ပြည့်နေတယ်။ ကြိုးစားမှု အသီးအပွင့်တွေကိုလည်း ခံစားရတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပြည့်ဝလာတယ်။ လေ့လာချင်စိတ်တွေ တိုးပွားလာတယ်။ အကြံဥာဏ်ကောင်းတွေလည်း ထွက်လာတယ်။ တကယ်တော့ ကံဆိုတာ တကယ့်ကို အလုပ်ပဲ ညီမလေး။ အလုပ်ဆိုတာမှာ စိတ်ရော ကိုယ်ရောကို ဆိုလိုတယ်။ လူက လုပ်နေပေမယ့် စိတ်က မပါရင် ဒါဟာ အလုပ်တစ်ခု မဖြစ်နိုင်ဘူး။ တချို့လူတွေက ပိုက်ဆံတွေ လှူနေကြပေမယ့် သူတို့စိတ်ထဲမှာ စေတနာသုံးတန် ပြည့်စုံမှု မရှိရင် ဒါဟာ အလှူလို့ မခေါ်နိုင်ဘူး။ တချို့လူတွေက အုတ်၊သဲ စတာတွေကို တာဝန်အရ ထမ်းနေပေမယ့် သူတို့စိတ်ထဲမှာ ငါလုပ်နေရတယ် ငါလုပ်နေရတယ် ဆိုတာမျိုးပဲ ဖြစ်နေပြီး ငါ့လုပ်အားပါတဲ့ ဒီအလုပ်ရဲ့ ရလဒ်ဟာ ကောင်းရမယ်ဆိုတဲ့ စိတ်မျိုး မရှိရင်လည်း ဒါမျိုးက အကျိုးမပေးဘူး။ တချို့ကျတော့လည်း စိတ်ကူးတွေက ရှိပေမယ့် မလုပ်ခဲ့ရင် ဘာရလဒ်မှ ထွက်မလားဘူး။ ဒီတော့ အလုပ်တစ်ခုကို ကိုယ်ရော စိတ်ပါ လုပ်ခဲ့မယ်ဆိုရင် ကံဆိုတဲ့ ရလဒ်ဟာ ကောင်းလာလိမ့်မယ်။ အနည်းဆုံးတော့ ပိုက်ဆံ ငွေကြေး မရရင်တောင် စိတ်နဲ့ ကိုယ်ဟာ ဒီအလုပ်ထဲမှာ နှစ်ထားတော့ တခြား မကောင်းမှုတွေ မလုပ်ဖြစ်တော့ဘူး။ လုပ်ချိန်လည်း မရတော့ဘူး။ လုပ်ဖို့လည်း မစဉ်းစား နိုင်တော့ဘူး။ ဒီတော့ ညီမလေးရဲ့ ဝမ်းနည်းနေတဲ့ စိတ်တွေကို ကြိုးစားပြီး ဖျောက်ပစ်လိုက်ပေါ့။ ကာလကြာရှည်စွာ ငိုနေရမယ့် မျက်ရည်တွေကို ပြင်းပြင်းထန်ထန် ငိုလိုက်ပြီး ကုန်ဆုံး စေလိုက်ပေါ့။ ကိုယ်ဆုံးရှုံးသွားတဲ့ အရာတွေကို ပြန်သုံးသပ်ပြီး နောက်တစ်ခါ ဒီလို မဖြစ်အောင် ကြိုးစားပေါ့။ ကိုယ့်ဆီမှာ အားနည်းချက်တွေ ရှိတာကိုသိရင် အဲဒါတွေကို တစ်ခုချင်းစီ ပြုပြင်ပေါ့။ ဒီလိုဆိုရင် ညီမလေးရဲ့ ဘဝဟာ အရင်လိုပဲ ပြန်ပြီး အဓိပ္ပာယ် ရှိလာပါလိမ့်မယ်။ ညီမလေးကို နာကျင်စေသူတွေကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြနိုင်အောင် ကြိုးစားပါ။ သူတို့ဆီက အံ့အားသင့်ဖွယ်ရာ အမူအယာ တစ်ချို့ကို မြင်တွေ့ရလာတဲ့အခါ ကိုယ့်ကိုကိုယ် ပိုနားလည်လာလိမ့်မယ်။ လောကကြီးမှာ ဘယ်သူ့ကိုမှ ဘယ်သူက မရှုံးဘူး ညီမလေး။ ဘယ်သူကမှ ဘယ်သူ့အပေါ်မှာ အနိုင်ရသွားတယ်ဆိုတာ မရှိဘူး။ ရှုံးသူတစ်ယောက်အတွက် အမြတ်ဆိုတာ ရှိတယ်။ နိုင်တယ်ဆိုတဲ့သူမှာလည်း အရှုံးဆိုတာ ရှိတယ်။ ဒါပေမယ့် သာမန် အနေအထားနဲ့တော့ မရနိုင်ဘူး။ အရှုံးထဲကနေ စိတ်ဓာတ်ခွန်အားကို မွေးမြူရမယ်။ အဲဒီခွန်အားကနေ အမြတ်ဆိုတာကို ရယူနိုင်ရမယ်။ မီးဟာ နဲနဲပဲ ပူတဲ့အခါ သံကို အရည်မပျော်စေနိုင်ဘူး။ ဒါပေမယ့် ပြင်းပြင်းထန်ထန် ပူမယ် ဆိုရင်တော့ ရွှေကိုတောင် အရည်ပျော်စေနိုင်တယ်။ ဒီလိုပဲ တစ်ခုခုကို ကိုယ်က အောင်နိုင်ချင်တဲ့အခါ ပြင်းပြင်းထန်ထန် လုပ်ရတယ်။ စိတ်ဓာတ်ကို ခိုင်မာအောင် ဆောက်တည်ရတယ်။ ပူလောင်နေတဲ့စိတ်ဟာ မငြိမ်းချမ်းဘူး။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး အခြားသူတွေကိုလည်း ပူလောင်စေတတ်တယ်။ အဲဒီစိတ်ဟာ တည်ငြိမ်အေးမြသွားတဲ့အခါ အရမ်းကို နေလို့ထိုင်လို့ ကောင်းလာမယ်။ အပြင်းအထန် ခံစားမှုတွေ လျော့နည်းလာမယ်။ ဖြစ်လေ့ဖြစ်ထ ရှိတာတွေကို နားလည်လာမယ်။ ဆုံးရှုံးသွားတာတွေကို ဖြေသိမ့်နိုင်လာမယ်။ ပြီးတော့ ကိုယ်မမြင်တွေ့ခဲ့တဲ့၊ ကိုယ်မရတော့ဘူးလို့ ထင်ခဲ့တဲ့ အရာတွေကိုလည်း နောက်ထပ် ပုံစံတစ်မျိုးနဲ့ ပြန်ပြီး မြင်တွေ့လာလိမ့်မယ်ဆိုတာ ကိုကြီး သေသေချာချာကို ပြောရဲတယ် ညီမလေး။
Things Make me Upset,Disappointed and Sad
I have been here almost 5 months
In first three months , I was going on trip
so i felt like fresh and active
But after comming back from trip ..... I saw everythings is just like before ... so boring
So let me write down about my dreams which cant never be true
I want to apply fully what i have studied in abroad
I want to get high salary
I want active and fresh enviroment
I dont want to wait for the time when electricity comes
I want to hang out with my friends
I want to dream to buy anything I want with my salary
I want to travel to other countries
I want to take care of my parents with my earnings
I want to donate with my salary
I want to drive brand new car
I want to ............................
I have met and talked on ph with some of my old friends left here.I got so surprised bcoz they still havent changed anything yet.I mean they just know to eat,to sleep,to get married .Thazz it.Some are working as teachers at GCC.But they even never used computer.Haha.They paid money to get codings for their MSC Thesis .Ohhh god
be continued ...
To all friends who visited my blog
Dear friends
I feel so much happy to see your comments
in my cbox
I was going on trip last whole month
so I hardly came to online
and I am still trying to get settlement here
so this time is hard time for me
Your wishes and comments make me refresh and reactive
I also wish Happy New Year to you all
I wish only May all your sorrows go away with wind in 2008
I am so sorry to delete my cbox
I really dont wanna do it .. coz i love my friends' messages
However they mean... I feel happy when I see them
Eventhough the message is only " Hi " ... It means to me a lot
At least I feel like there are friends who are missing me and not forget me
As you people know ... my blog is only for myself and i really dont like personal attacking
As I am stubborn , no one can prohibit me writing blog
No one can force me
If you are the owner of Blogspot then you can do it as u wish
But now ur just only reader of my blog then NEVER try to judge me
I will do whatever I want
Who I am or What I am doing or What I am writing is none of ur Bussiness
I never wrote any personal things about the others
So you just need to stay away from my blog if you dont like
Thanks!
How i felt today
I feel like nothing left on my side
why all sad things come to me in these days
i have been thinking alot
but i think i will be able to over come those rocks
i hope 2008 will be a good year for me
i will ty to refresh everything i have
but I dont wanna wish all my dreams come true because I dont wana be dreamming girl just like before nature of dream is not sure and its just imagination
I want to be more pratical Actually my dreams have almost broken into small pieces
so I dont have dreams right nowwwwww
:(
Everything is not ok since I have been here :(
I hate you all
I have just arrived ygn from a trip
I was sick for two weeks there
I stayed there for one month
..
ဒီအတောအတွင်း ထူးခြားတာဆိုလို့ ဘလောခ့်ဂါ ၂ ယောက်ကို မြင်ဖူးလိုက်တယ်
နောက်တစ်ယောက်လည်း မြင်ဖူးတယ်
သူက ကိုယ်ပန်းပွင့်လေးမှန်း မသိဘူး ဟီး
ကျန် ၂ယောက်ကတော့ မန်းလေးက တစ်ယောက်ပါတယ်
...
စိတ်ညစ်စရာတွေများလားဆိုတော့ မများဘူး
ပျော်နေလားဆိုတော့ မပျော်နိုင်ဘူး
သတိရလားဆိုတော့ ရတယ်
ဘာကို ဘယ်လို လုပ်ရမလဲ မသိ
ဟင်းးးးးးး
ပျော်ပါတယ်လေ
သတိတော့ရတယ်